ဤဘလော့သည် မြတ်ဗုဒ္ဓရဲ့အရိပ်အောက်တွင် ရှိသောကြောင်း လာရောက်ဖတ်ရှူးသူတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေ
မဇ္ဈိမဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏

          အသောကကျောက်စာတိုင်နှင့် ဤပင်မစေတီတော်ကြီးတို့ နီးကပ်စွာတည်ရှိခြင်းသည် ဤနေရာတော်မှ ဗုဒ္ဒရှင်တော်မြတ်၏ ပထမ ဦးဆုံးတရား ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောသည့်နေရာဟု အသိအမှတ်ပြုသည် ဓမ္မရာဇိကစေတီဖြစ်ကြောင်းသေချာစေ၏။ ဟူယင်ဆန်ဖူးမြှော်ရစဉ်က ဤစေတီသည် မီတာ ၃၀ ထက်ပိုမြင့်သည်။ တစ်ချိန်က တင့်တည်သပ္ပါယ်တော်မူခဲ့ပါသည် ဤ (ဓမ္မရာဇိကစေတီ) အဆောက်အအုံး၏ အုပ်မြစ်များသည် သာလျှင် ယခုအချိန် ဝမ်းနည်းဖွယ်ရာ ကျန်ရှိသေးတော့သည်။
          နှစ်ကာလအတန်ကြားပြီးနောက် ကန်နင်ဟန်သည် ဤဆင်းတုတော်အကြောင်း ကြားသိရသောအခါ ရေးထားသည့်စာတန်းကို ဖတ်ရှုနိုင်ရန် ယင်းဆင်းတုတော်ကို
ရှာပုံတော်ဖွင့်ခဲ့သည်။ နောက်ဆုံး ကန်နင်ဟမ် အောင်မြင်သွားခဲ့သည်။ ယင်းဆင်းတုတော်သည် တရားဟောတော်မူဟန် ဗုဒ္ဒဆင်းတုတော်ဖြစ်ကြောင်း တွေ့ရှိရပြီး ရေးသားထားသည့်စာတန်တွင်  စေတီတော်ကိုပြန်လည်ပြုပြင်ပြီး ဆီမီတိုင်များနှင့် (စေတီတော်ကို) တန်ဆာဆင့်သည့် ခေါင်းလောင်းများလူဒါန်ခဲ့သူ ဘင်္ဂါလီဘုရင်တစ်ပါး ဖေါ်ပြထားသည်။ ကန်နင်ဟမ်သည် စေတီတော်ကို ဖြိုဖျက်စဉ်က တွေ့ရှိခဲ့သည့် ကျောက်သေတ္တာကိုလည်း ပြန်လည်ရရှိရန်စွန်နိုင်ခဲ့သည်။
               ဓမ္မရာဇိကစေတီတော်နေရာ၏ မြောက်ဘက်တွင်ရှိသည်။ ဤကျောင်းတော်ကို နန္ဒိယသူဌေး ဆောက်လုပ်လှူဒါန်းခဲ့ပါသည်၊ နန္ဒိယသူဌေးမှာ မကွယ်လွန်မီကပင်နတ်ဘုံ ဘုံဗိမာန်ပေါက်ခဲ့သူဖြစ်ကြောင်း မှတ်သားရပါသည်။ မြတ်စွာဘုရားသည် ဤနေရာတွင် ပထမဝါဆိုတော်မူခဲ့ပါသည်။ ကျောင်းတော်ရာအလယ်တွင် ပလ္လင်ကြီးတစ်ခုရှိပါသည်၊ မိဂဒါဝုန်ကျောင်းတော်  သီတင်းသုံးတော်မူစဉ်က နေ့စဉ်ပလ္လင်တော်ပေါ်နေ၍ တရားဟောကြားတော်မူခဲ့ပါသည်။ မူလဂန္ဒကုဋိဟု ခေါ်ကြပါသည်။ ဤနေရာတွင် ယသသူဌေးသားနှင့် အပေါင်းအပါတို့အား ရဟန္တာ ၅၅-ပါး ဖြစ်စေခဲ့ပါသည်။ ဝါကျွတ်သော် ရဟန္တာအပါး ၆၀ တို့အား သာသနာပြု စတင်စေလွှတ်ရာ နေရာဖြစ်ပါသည်။

          ကုသိနာရုံမှာ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူရာဌာ ဖြစ်သည်၊ မြောက်ဘက်သို့ ဦးခေါင်းတော်လှည့်၍ အနောက်ဘက်သို့မျာက်နှာတော် မူကာ ထုလုပ်ထားသော လျှောင်းတော်မူ ပုံများကို ကုသိနာရုံပုံတော်ဟု ခေါ်ကြသည်၊ ကုသိနာရုံ၌ အသောကမင်းကြီး၏ ကျောက်တိုင်များကို ရှာမတွေ့ရသေးချေ၊ သို့ရာတွင် အသောကကျောက်တိုင်များ ရှိကြောင်းကို တရုက်ရဟန်တော် ဟူယင်ဆန်က မှတ်တမ်းတင်ခဲသည်၊
          မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် မကြာမီ မလ္လနိုင်ငံကို အုဇာတသတ် သိမ်းပိုက်၍ မဂဓတိုင်းအတွင်းသို့ သွပ်သွင်းခဲ့သည်၊
          အေဒီ ၅-ရာစုက တရုပ်ရဟန်တော် ဖာဟိယန်က ပျက်စီးနေသော ဘုန်ကြီးကျောင်းများ တွေ့ရှိရကြောင်းမှတ်တမ်းတင် မှတ်တမ်းတင်တွေ့ရှိရသည်၊  ထိုပြင် အေ ၅-ရာစုတွင် ဟရိဗလသာဓိမိကစေတီတော် တည်ဆောက်ခဲကြောင်း မှတ်တမ်းတင် တွေ့ရှိသည။
          ၁၈၅၂ ခုနှစ်၌ ကျောက်စာဌာနက စတင်တူးဖော်သည်၊ ဘုန်ကြီးကျောင်းမျးအတွင်း၌ မီးလောင်ထားသော ပစ္စဉ်းများနှင့် လူရုံးများ တွေ့ရှိရသည်ကိုထောက်ထား၍ ရန်သူများ ရဟန်တော်များကို အရှင်လတ်လတ် မီးရူးသတ်ဖြတ်လိုက်ကြောင်း အထောက်အထားဖြစ်သည်၊ ဤအဖြစ်ဆိုးမှာ ၁၂-ရာစုအတွင်းက အိန္ဒိယနိုင်ငံလုံး ဗုဒ္ဓဘာသာရဟန်းတော်များ ညီတူညီမျှခံစားခဲခြင်းပေတည်း၊ တူးဖော်ခြင်းမပြုမီက ထိုဒေသကို သစ်ပင်ချုံ နွယ်များ ဖုံးအုပ်လျှက်ရှိသည်။
          ဤကုသိနာရုံကို ပထမဆုံး စောင်ရှောက်ခဲသူမှာ အိန္ဒယတိုင်းရင်းသား ဆရားတော်မဟာဝိရဖြစ်သည်၊ ဆရာတော်မဟာဝီရသည်၊ ၁၈၅၇-ခုနှစ် ဗြိတိသျှတို့ကို ပုန်ကန်သော သပုံဗိုလ်ကြီး ကွန်ဝါးဆိုင်း၏ ဆွေမျိုးဖြစ်၍ ပုန်ကန်မှု၌ပါဝင်ခဲသည်၊ ကွန်ဝါးဆိုင်း ကျဆုံးသွားသောအခါ ဆရာတော်မဟာဝိရသည် ကြေးစားနပန်းသမားအဖြစ် အသက်မွေးနေထိုင်ခဲသည်၊ ထိုမှတဖန် သီဟိုကျွှန်းသို့ရောက်၍ ဗုဒ္ဓဘာသာသို့ကူးပြောင်ပြီးလျှင် မြင့်မြတ်သော ရဟန်းတော်အဖြစ်သို့ရောက်ရှိခဲသည်၊ ရဟန်းခံပြီးနောက် ကုသိနာရုံသို့လာရောက်နေထိုင်၍ ဇရပ်ဆောက်လုပ်လှူဒါန်းခဲသည်၊ ရခိုင်ပြည်မှ ရခိုင်အမျိုးသား ဆရာတော်ဦးစန္ဒြမဏိသည်၊ ကုသိနာရုံ၌ ရဟန်တော်မဟာဝိရနှင့် တွဲဖက်၍  ရွှီစားရွှီ၏ ဇရပ်ဆောက်လုပ်မှုကို ကူညီဆောင်းရွှက်ခဲသည်၊ မဟာဝိရကွယ်လွန်သောအခါ ဆရာတော်ဦးစန္ဒြမဏိက ဆက်လက်တာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက်ခဲ့သည်၊
          ဦးစန္ဒြမဏိသည် ဘာသာရေးပွဲတော်များကို ကျင်ပပြုလုပ်၍ တိုင်းရင်းသားတို့ကို ဗုဒ္ဓဘာသာဘက်သို့ ဆွဲဆောင်ခဲသည်၊ မြတ်စွာဘုရားဖွားတော်မူသောနေ့ ဝီသာခါပွဲတော်ကို တစ်လတိတိကျင့်ပ၍ တိုင်းရင်းသာသိန်းပေါင်းများစွာကို ကုသိနာရုံသို့ သွယ်ဆောင်ခဲသည်၊ ထိုအပြင် ဆရာတော်ဦးစန္ဒြမဏိသည် ကုသိနာရုံ၌ ပထမဆုံး မူလတန်းကျေင်းတစ်ခုကို တည်ဆောက်ခဲသည်၊
          ယခုအခါ ဆရာတော်ဦးစန္ဒြမဏိသာသနာပြုမှုကြောင်း အိန္ဒိယနိုင်ငံတိုင်းရင်းသားများ သိန်ပေါင်းများစွာတိုသည်၊ ဗုဒ္ဓဘာသာဝင်များဖြစ်ခဲကြသည်၊ အိန္ဒိယနိုင်ငံ တရားဝန်ကြီး ဒေါက်တာ အမ်ဘေတကာသည် ဦးစန္ဒြမဏိအထံ၌ သရဏဂုံနှင့် သီလကိုခံယူဆောက်တည်၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲသည်၊ ဆရာတော်ဦးစန္ဒြမဏိ ရဟန်းခံပေးခဲသော အိန္ဒိယနိုင်ငံသား နှင့် နီပေါနိုင်သားရဟန်းတော်ပေါင်းများစွာ  ရှိပေသည်၊ နာမည်ကျော်ကြားသော စာရေးဆရာ ရာဟုလာသံကစ္စည်းသည် ဆရာတော်ဦးစန္ဒြမဏိထံ၌ ရဟန်းပြုခဲသည်။

  ၁။ ဗောဓိကင်နှင့် ရွှေပလ္လင်​ (ပထမသတ္တာဟ)
          ပထမသတ္တဟသည် ဗောဓိပင်နှင့်ရွှေပလ္လင်ဖြစ်ပါသည်။ အပရာဇိတပလ္လင်တော်သည် ဗောဓိပင်ကြီးနှင့် စေတိတော်ကြားတွင်တည်ရှိပြီး အလျား (၇) ပေ (၁၀) လက်မ၊ အမြင့် (၃) ပေရှိ၍ ကျောက်တုံးကို ထုလုပ်ထားပါသည်။
         ယခုမြင်ရသော ဗောဓိပင်သည် မူလဗောဓိပင်မဟုတ်တော့ပါ။ မူလဗောဓိပင်၏ တောင်ဘက်ကိုင်းကို သီရိဓမ္မာသောကမင်းကြီး၏ သားတော်နှင့်သမီးတော်တို့မှ အဓိဋ္ဌာန်ပြု ဖြစ်ယူ၍ သီဟိုနီုင်ငံတွင် စိုက်ပျိုးထားရာ ယနေ့တိုင်ဖူးမြင်နိုင်ပါသည်။ ယခုတွေ့ရသော ဗောဓိပင်သည် ၁၈၇၀ ခု ကျောက်စာမင်းကြီး ကံနင်ဟန်မှ ယခင်အပင်အိုကြီး၏ မျိုးစေ့မှ ယူထားသော အပင်ငယ်ဖြင့် စိုက်ပျိုးထားသော ဗောဓိပင်ဖြစ်ပါသည်။ ဗောဓိပင်ကိုနောက်မှီပြု ၍ အပင်ရင်းပလ္လင်တော် သဗ္ဗညုတဥာဏ်တော်ကို ရတော်မူကြေင်း ပြဆိုခဲ့ပြီးဖြစ်၍ ဗုဒ္ဒဘာသာဝင်တို့ ရှိခိုးပူဇော်ထိုက်သော  စေတီ (၄) မျိုးအနက် ပရိဘောဂစေတီတော်ဖြစ်၍ ရိုသေရှိခိုးပူဇော်ပါက အကျိုးများနိုင်ပါသည်။
          မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ တွင် ငါသည် ဤအပရာဇိတပလ္လင်ကိုရရှိဖိုရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမျှ ပါရမီ (၁၀) ပါးတရားတို့ကို ဖြည့်ဆည်းခဲ့ရသည်။ ငါ၏ခန္ဒာကိုယ်၊ သား၊ သမီး၊ ဇနီး၊ တို့ကိုလည်းပေးလှူ ခဲ့ရပြီ။ ၍ပလ္လင်သည် မာရ်ငါးပါးကို တစ်စမကြွင်း အရှင်အောင်းသောပလ္လင်ဖြစ်သည် စသည်ဖြင့်ဥဒါန်းကျူးရင့် ရွင်လန်းဝမ်းမြောက်ခြင်းဖြစ်ကာ ထိုအပရာဇိတပလ္လင်ထက်တွင် ခုနှစ်ရက်ကြာမျှ ဈာန်သမာပတ်ဝင်စားလျက် ပဋိစ္စသမုပ္ပါဒ်တရားတို့ကိုဆင်ခြင်ပြီး ပလ္လင်္ကသတ္တဟ စံတော်မူသည်။

၂။ အနိမိသစေတီတော် (ဒုတိယသတ္တာဟ)
          စေတီတော်မြတ်ကြီး၏ အရှေ့မြောက်ထောင့် ကုန်းမြင့်ပေါ်မှာ တည်ရှိပါသည်။ ဥာဏ်တော်မှာ (၅၅) ပေရှိ၏။ လိုဏ်ဂူမုဒ်ဦး၏ အတွင်းတွင် ဘုရားဦးရုပ်ထုတော် တည်ရှိပါသည်။ မြတ်စွာဘုရားသည်ဘုရားဖြစ်တော်မူပြီးနောက် စေတီတော်နေရာတွင် ရပ်တော်မူပြီး  ဗောဓိပင်နှင့် ရွှေပလ္လင်ကို ခုနှစ်ရက်ပတ်လုံး တစိမ့်စိမ့် ရှုစားတော်မူရာ ဌာနဖြစ်တော်မူပါသည်။
          မြတ်စွာဘုရားသည် အရဟတ္တဖိုလ် သမာပတ်မှ ထတော်မူ၍ နတ်ဗြဟ္မာတို့၏ မယုံမှာကို ဖယ်ခွာရန် ကောင်းကင်သို့ပျံတက်လျက် ရေမီအစုံစုံ တန်ခိုး ပြာဋိဟာကို ပြတော်မူသည်။ ထိုနောက် သဗ္ဗညုတဥာဏ်တော်ရရှိရာ နေရာဖြစ်သော မဟာဗောဓိပင်နှင့် အပရာဇိတပလ္လင်တော်ကို မျက်လုံးတော်မမှိတ်ဘဲ ခနှစ်ရက်မှ စူးစူးစိုက်စိုက်ကြည့်ကာ အနိမိသသတ္တဟစံတော်မူသည်။


၃။ ရတနာစင်္ကြန်တော် (တတိယသတ္တာဟ)
          စေတီတော်ကြီး၏နောက်ဘက်ကပ်လျှက် တည်ရှိနေပါသည်။ အလျှား (၆၀) အနံ (၄) ပေ အမြင့် (၃) ပေ အုပ်ခုံပေါ်တွင် ကြွချီရာခြေတော်ရာအဖြစ် ကြာပွင့် (၁၉) ပွင့် ထုလုပ်ထားပါသည်။ ပလ္လင်တော်နှင့် အနိမိသဌာန (၂)ကြား ရတနာစင်္ကြန်တော်ဖန်ဆင်၍ ခုနှစ်ရက်တိုင်တိုင် စင်္ကြန်ကြွတော်မူပါသည်။ နတ်ဗြဟ္မာများက မြတ်စွာဘုရားသည် ခုနှစ်ရက်တိုင် ပလ္လင်တော်ကို စိုက်ကြည့်ခြင်းသည် ကိလေသာရှိသေးကြောင်း အထင်လွဲကြ ကုန်၏။ ထိုအခါမြတ်စွားဘုရားရှင်က အထင်လွဲမှုကိုပယ်ဖျက်ရန် ကောင်းကင် ရတနာစင်္ကြန် ဖန်ဆင်းတော်မူသည်။
          မြတ်စွာဘုရားသည် အပရာဇိတပလ္လင်တော်နှင့် အနိမိသစေတီတော်တို့၏ အကြား အရှေ့အနောက် အလျှားရှိသော နတ်ဗြဟ္မာတို့၏ဖန်ဆင်းအပ်သည့် ရတနာစင်္ကြန် ဖလသမာ ပတ်ဝင်စားရာမှ ခုနှစ်ရက်မျှ စင်္ကြန်လျှောက်လျှက် စက္ကမသတ္တာဟ စံတော်မူသည်။

၎။ ရတနာဃရရွှေအိမ်တော် (စတုတ္ထသတ္တာဟ)
          စေတီတော်ကြီး၏ အနောက်ယွန်းယွန်း ပေ (၃၀၀) ခန့်အကွာတွင်ရှိသည်။ ၁၄ ပေ x ၁၁ ပေ ကျယ်ဝန်းသော တိုက်ခန်းတစ်ခုဖြစ်သည်။ အတွင်ဗောဓိသတ္တရုပ်ထုရှိပါသည်။ နတ်တို့ဖန်ဆင်းသော ရတနာဃရ ရွှေအိမ်တော်တွင် ခုနစ်ရက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အဘိဓမ္မာ ခုနစ်ကျမ်းကို ဥာဏ်တော်ဖြင့်သုံးသပ်တော်မူရာ နောက်ဆုံး ပဋ္ဌာန်ကျမ်းကြီးကို ရောက်ရှိချိန်တွင် မြတ်စွာဘုရားသခင်ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ် ပေါ်ထွက်ကွန့်မြူးပါသည်။ ရောင်ခြည်တော်ခြောက်သွယ်သည် အဆုံးမရှိအနန္တအာကာသကြီးထဲသို့ ပျံ့နှံ့သွားပါသည်။
          မြတ်စွာဘုရားသည် မဟာဗောဓိပင်မှ အနောက်မြောက်ထောင့်အရပ်တွင် နတ်ဗြဟ္မာတို့ဖန်ဆင်းအပ်သော ရတနာဃရရွှေအိမ်၌ ခုနစ်ရက်မျှ ထက်ဝယ်ဖွဲ့ခွေစံတော်မူကာ အဘိဓမ္မာပိဋကကို သုံးသပ်ဆင်ခြင်လျှက် ရတနာဃရသတ္တာဟ စံတော်မူသည်။

၅။ အဇပါလနိဂြောဓ (ဆိတ်ကျောင်းညောင်ပင်) (ပဉ္စမသတ္တာဟ)
          စေတီတော်ကြီး၏ အရှေ့မုဒ်တည့်တည့် ပေ (၂၀၀) ခန့်အကွာတွင်တည်ရှိပါသည်။ အရှေမုဒ်လှေခါး ဆင်းဆင်းချင်း အလည်တည့်တည့်၌ တည်ရှိပါသည်။ ဆိတ်ကျောင်းညောင် ပင်ကိုယ်တော့မတွေ့ရတော့ပါ။ ၄င်းနေရာတွင် အသောကမင်းကြီးမှ ကျောက်တိုင်ကြီးတစ်တိုင် စိုက်ထူထားပါသည်။ မူလအမြင့်တော့မဟုတ်ပါ။ ၁၂ ပေ၊ ၁၃ ပေ ခန့် ကျိုးနေသောကျောက် တိုင်ကြီးကို အထင်ကရတွေ့နိုင်ပါသည်။
မြတ်စွာဘုရားသည် မဟာဗောဓိပင်မှ အရှေ့အရပ်၌ တည်ရှိသော အဇပါလညောင်ပင်ရင်းသို့ ကြွတော်မူပြီး ခုနစ်ရက်ပတ်လုံး တရားကိုဆင်ခြင်ကာ ဖလသမာပတ်ဝင်စားလျက် အဇပလသတ္တာဟ စံတော်မူပါသည်။


၆။ မုစလိန္ဒာအိုင် (ဆဌမသတ္တာဟ)
          မဟာဗောဓိစေတီတော်ကြီး၏ အရှေ့တောင်အနီးတွင် တည်ရှိပါသည်။ မြန်မာနိုင်ငံမှ လှူဒါန်းထားသော နဂါးပတ်ဘုရားကို ၄င်း မုစလိန္ဒအိုင်တွင် မျက်ဝါထင်ထင်ဖူးမြင်နိုင်ပါသည်။
          မုစလိန္ဒာအိုင်အနီး ကျီးပင်အရင်၌ ခုနစ်ရက်ပတ်လုံး သမာပတ်ဝင်စားတော်မူစဉ် ခုနစ်ရက်တိုင်တိုင် မိုးစွေ၍ လေနုအေးများလည်း တိုက်ခိုက်နေပါသည်။ ထိုစဉ် မုစလိန္ဒ နဂါး မင်းမှ အအေဒဏ်ကာကွယ်ရန် မြတ်စွာဘုရှားရှင်ကို ခုနစ်ပတ်ရိုက်ခွေ၍  မိုးမမိစေရန် အပေါ်မှ ပါးပျဉ်းအုပ်မိုး ပူဇော်ခဲ့ပါသည်။
မြတ်စွာဘုရားသည် အဇပလညောင်ပင်ရင်းမှ ဖယ်ခွါ၍ မဟာဗောဓိပင်၏ အရှေ့တောင်ရှိ မုစလိန္ဒာအိုင်အနီး ကျဉ်းပင်ရင်းသို့ ကြွသွားတော်မူကာ ခုနစ်ရက်မျှ အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် မုစလိန္ဒသတ္တာဟ စံတော်မူသည်။

၇။ ရာဇာယတနလင်လွန်းပင် (သတ္တမသတ္တာဟ)
          မြတ်စွာဘုရားသည် ကျဉ်းပင်အရင်မှ ဖယ်ခွါပြီးလျှင် မဟဗောဓိပင်၏ တောင်ဘက် မျက်နှာရှိ လင်လွန်းပင်ရင်းသို့ကြွသားတော်မူ၍ အရဟတ္တဖိုလ်ချမ်းသာကို ခုနစ်ရက်မျှခံစား ကာ ရာဇာယတနသတ္တာဟ စံတော်မူသည်။
          မဟာဗောဓိပင်ကြီး၏ တောင်ဘက် ကျောက်လက်ရမ်းတိုင်းနှင့် ကိုက် (၂၀) အကွာတွင်ရှိ ပါသည်။ မြတ်စွာဘုရားရှင်သည်၊ လင်လွန်းပင်ရိပ်၌ သတ္တမ ခုနစ်ရက်ပတ်လုံး ဖလသမာပတ် ဝင်စားတော်မူပါသည်။
          (၄၉) ရက်မြောက်သောနေ့၌ လှည်ကုန်သည် တဖုဿ နှင် ဘလ္လိကတို့ ပေါက်ပေါက်ဆုပ်နှင့် (ပျားနို့ဆွမ်း) ဆက်ကပ်သောနေရဖြစ်ပေသည်။ မူလလင်းလွန်းပင်နေရာ တွင် မြန်မာနိုင်ငံမှ ခြေလျှင်ဟောင်တက် အသင်း ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှုကြီး ဦးလှအောင်မှ လင်းလွန်းပင်တစ်ပင်စိုက်ပျိုးခဲ့ပါသည်။

ပုံမပါဒါတွေကိုနောက်မှပြန်တင်ပေးပါမည်သည်းခံကြပါ။

ဤဘုရားကျောင်းကို မိဂဒါဝုန်တွင် ဗုဒ္ဓမြတ် သီတင်းသုံးတော်မူစဉ်အတွင်း မူလကဏ္ဍကုဋိ(အဆောက်အအုံငယ်) နေရာတွင် တည်ဆောက်ထားသည်။ ထိုကြောင့် ဤအမည် မူလဂဏ္ဍကုဋိကိုရခြင်းဖြစ်သည်။ နှောင်းခေတ် ရာစုနှစ်ပေါင်းများတွင် မူလဂဏ္ဍကုဋိသည် အဆောက်အအုံကြီးအဖြစ်သို့ တိုးတက်ပြောင်းလဲသွားခဲ့သည်။ ဟူယင်ဆန်သည် ဤအဆောက်အအုံကို တွေ့မြင်ပြီး ဤသို့ဆိုသည်-ဧရာမ ဝင်းကြီးထဲ၌
အမြင့်ပေ ၂၀၀-ခန့်မြင့်သည် ဘုရားကျောင်းတစ်ခုရှိသည်။ အမိုးပေါ်တွင် ထွင်းထုထားသည့် ရွှေရောင်သရက်သီးပုံတစ်ခုရှိသည်။
          အဆောက်အအုံ၏ အုတ်မြစ်နှင့် လှေကားတို့မှာ ကျောက်သားပကတိဖြင့်ပြုလုပ်ထားသည်။ မျှော်စင်များနှင့် ကလိုင်ငယ်များကိုသာ အုပ်များဖြင့်ပြုလုပ်ထားသည်။ နံရံကလိုင်ငယ်များမှာလေးဘက်လုံး၌ ဆက်တိုက် လိုင်တန်တစ်ရာဖြင့် စီမံထားသည်။ ကလိုင်တိုင်းတွင် ဗုဒ္ဓရှင်တော်မြတ်၏ ရွှေရောင်ဆင်တုတော် တစ်ဆူစီရှိသည်။ ဘုရားကျောင်း၏အလယ်တွင် ဗုဒ္ဓကြေးဆင်းတုတစ်ဆူရှိသည်။ ယင်းဆင်းတုတော်သည် ပကတိအရွယ်ရှိပြီး တရားစကြားကိုလည်း (ဟောကြား) နေသည့် ပုံကိုသရုပ်ဖေါ်ထားသည်။ -နံရံများ၏ ထူထဲမှုက မူလဂဏ္ဍကုဋိသည် ဟူယင်ဆန် ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်နိုင်ကြောင်း ညွန်ပြထားသည်။ နံရံတွင်မြုပ်နေသော ပန်းပုရုပ်ပါ ကျောက်တုံးအပိုင်းအစ အဟောင်းများသည် ယင်း(မူလဂဏ္ဍကုဋိ) အဆောက်အအုံအား ယခင်အဆောက်အအုံအဟောင်း အစိတ်အပိုင်းများကို ပြန်သုံးပြီး အနည်းဆုံး တစ်ကြိမ်တည်ဆောက်ခဲ့ကြောင်း ညွန်ပြနေသည်။ ဘုရားကျောင်း၏ လက်ရှိပုံသဏ္ဍာန်မှာ ဂုတ္တခေတ်ဦးပိုင်း ပုံသဏ္ဍာန် တည်ဆောက်ထားခြင်းဖြစ်သည်။
          မူလဂဏ္ဍကုဋိတိုက်၏ အနောက်ဘက်ကပ်လျှက်တွင်ရှိသည့် စေတီငယ်များအကြားမှ ဓမ္မစက္ကပဝတ္တနသုတ္တန်အပိုင်းအစများ ရေးထွင်းထားသည့် ကျောက်ထီးအပိုင်းအစများ တွေ့ရှိရသည်။ ၄င်းစာမှာ (ရဟန်းတို့၊ မြင့်မြတ်သော(အရယ)သစ္စာလေးပါးရှိပေသည်။ အဘယ်လေးပါးတို့နည်း ဟူမူ ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား၊ ဆင်းရဲငြိမ်းကြောင်းအမှန်တရား၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်)သို့ရောက်ကြောင်း အမှန်တရားဖြစ်ပေ၏) ဟုဖြစ်သည်။ အေဒီ ၃-ရာစုဟု ခန့်မှန်းရသည့် ဤကျောက်စာကို ပါဠိဘာသာဖြင့်ရေးထိုးထား၏။ ထိုအချိန် ကမိဂဒါဝုန်တွင် ပါဠိတိပိဋက ထင်ရှားပြီး အသုံးပြုခြင်းဖြစ်ကြောင်းထင်ရှားသည်။ ဤစိတ်ဝင်းစားဖွယယ် ကျောက်စာကို ယခုအခါ မိဂဒါဝုန်ပြတိုက်တွင်ပြသထားသည်း

ပဉ္စဝဂ္ဂီငါးဦးတို့သည် မြတ်စွာဘုရားလာလျှင် မကြိုကြစတမ်းဟု ကတိကဝတ်ထားခဲကြသည်၊ သို့ရာတွင် မြတ်စွာဘုရား ကြလာသည်ကို မြင်လျှက် တစ်ဦးကသပိတ်၊ တစ်ဦးက သင်္ကန်းစသဖြင့် လှမ်းယူ၍ သူ့ထက်ငါ လုယက်ကာ အပြိုင်အဆိုင် ခရီးဦးကြိုဆိုခဲကြလေသည်။ အသောကမင်းကြီးသည် စေတီတည်ထားခဲလေသည် ထိုစေတီတော်ကို,ဆောခဏ္ဍီစေတီတော်, ဟုခေါ်ဆိုကြသည် အောက်ခြေအကျယ်အဝန်းကို ထောက်ဆခြင်းအားဖြင့် ၄င်းစေတီတော်သည်
ရှေ့အခါက အလွန်ကြီးခဲဟန်ရှိသည်၊ နှစ်ကာလ အချိန်ကြာမြင့်လာသည်နှင့်အမျှ မိုးဒက် လေဒက် ရာသီဥတုဒါဏ်များကြောင့် ပြိုကျပျက်စီးသွားပါလိမ့်မည်။ ၄င်းပျက်စီးသွားသောထိပ်ပိုင်းတွင် ဘာသာခြား တိုင်းတစ်ပါးသားတို့သည် ရှစ်မျက်နှာရှိသော မျှော်စင်တည်ဆောက်ထားကြောင်းသိရှိမြင်တွေ့ ခဲ့ရပါသည်။ (၁၅၈၈)ခုနှစ်တွင် အက္ကာဘာဘုရင်သည် သူ၏ခမည်းတော် ဟွန်မယွန် စစ်ရှုံး၍ထွက်ပြေးစဉ်က ဆောခဏ္ဍီစေတီတော်၌ ပုန်းအောင်းခဲ့သောနေရာကို အမှတ်တရအဖြစ် မျှော်စင်တည်ဆောက်ခဲ့ကြောင်း သိရှိခဲ့ပါသည်။
 
နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စည်ရှိခိုးမယ်
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်
မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ အစည်မေတ္တာပွါးပါမယ်
သစ်ရင်းသစ်ရင်း၊ လျှော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါမယ်
တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်
ပြိုင်မည့်အစား၊ မေတ္တားပွါး၊ စိတ်ထားပြုပြင် ပြောင်းပါမယ်
ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မဝင်နိုင်ကနိုင်တတ်တယ်
နိုင်မည့်အစား၊ ဂရုဏာပွါး၊စိတ်ထားပြုပြင် ပြောင်းပါမယ်
ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊
မဝင်ဣဿာ၊ယိုင်တတ်တယ်
ယိုင်မည့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်ပါမယ်
လျစ်လျူရှုလျင်၊ ဉပေက္ခာဝင်၊ မဝင်နိုင်ကပြိုင်တတ်တယ်
ပြိုင်မည့်အစား၊ ဉပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
ရုပ်ကိုလည်းပြင်၊ စိတ်ကိုလည်းပြင်၊ ဆင်ခြင်တိုင်းရ၊ ပြုတိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။
(မစိုးရိမ်ပဋ္ဌာန်းဆရာတော်ကြီး)
မူးယစ်သောက်စား၊ လူရမ်းကား၊ လားလားရှောင်ကြည်ပါ
နှုတ်ထွက်စကား၊ ကြားသူခါး၊ လားလားရှောင်ကြည်ပါ
ဒေါသရှေ့ထား၊ ခိုက်ရန်ပွါး၊ လားလားရှောင်ကြည်ပါ
ပျော်ရွှင်လိုက်စား၊ ခါမဲသွား၊ လားလားရှောင်ကြည်ပါ
မကောင်းမိတ်ထား၊ လောင်းကစား၊ လားလားရှောင်ကြည်ပါ
ပျင်းရိစိတ်ထား၊ အိပ်ကာစား၊ လားလားရှောင်ကြည်ပါ
ကလေးကလား၊ နေထိုင်သွား၊ လားလားရှောင်ကြည်ပါ
သူ့စည်းကမ်းအား၊ ပယ်ရှောင်ရှား၊ လားလားရှောင်ကြည်ပါ
မိသားစုအား၊ ဂုဏ်ပျက်ပြား၊
လားလားရှောင်ကြည်ပါ
ပတ်ဝန်းကျင်အား၊ ဂုဏ်ပျက်ပြား၊ လားလားရှောင်ကြည်ပါ
ဆုံးမစကား၊ ဤဆယ်ပါး၊ မှတ်သားလိုက်ပါ
သံပေါက်စာစဉ်၊ ထပ်ပန်ဆင်၊ ထေရ်ရှင်ရေးမိန်းမှ။
(ဒွါရဝတီ အရှင်ကုသလ)
မိမိကြောင်း သူတစ်ပါး၊ မနှစ်မာစေနှင့်။
ဂုန်သနကိုမျှော်၍၊ အလုပ်မလုပ်နှင့်။
အရာရာမှာ ကိုသိုလ်ဖြစ်အောင်လုပ်ပါ။
ရိုသေလေးစားမြတှ်နိုးမှုကို ပြု၍ဆက်ဆံပါ။
သူတစ်ပါးကို အနိုင်ယူခြင်းထက် ကူညီခြင်းသည် အကျိုးများသည်။
အပြစ်ပေးခြင်းထက် ပြုပြင်ပေးခြင်းသည် သာပြီး ကောင်းသည်။
ပညာရှိခြင်း၊ အာနာရှိခြင်းသည် အနိုင်ယူရန်မဟုတ်၊
အကျိုးပြုရန်သာဖြစ်သည်။
ယဉ်ကျေးသောပုဂ္ဂိုလ်၊
လူမျိုးတို့သည် အရာရာမှာ
အထက်တန်းကျ၍ တိုးတက်သည်။
လာဘ်လာဘကို မျှော်၍ ကူညီခြင်းထက် စေတနာထား၍
ကူညီခြင်းသည် များစွာ အကျိုးပြုသည်။
ဖတ်ဖူးကြမယ် ထင်ပါတယ် ဖတ်ဖူးရင်တော့ တောင်းပန်ပါတယ်
မဖတ်ဖူးသူတွေအတွက်ပါ

သေရည်ကိုမသောက်နှင့်၊ ရေကြည်ကိုမနှောက်နှင့်၊
သေရည်ကို သောက်က၊ အပါယ်ဘုံသို့ကျတတ်သည်၊
ရေကြည်ကိုနှောက်က၊ အနည်မှုန်တို့ ထတတ်သည်။

ထင်တိုင်လည်း နှိပ်၍မဆိုနှင့်၊ ဝင်တိုင်းလည်းသိပ်၍ မမျိုနှင့်၊
ထင်တိုင်းနှိပ်၍ဆိုက၊ ရန်အသွယ်သွယ်များတတ်သည်၊
ဝင်တိုင်းသိပ်၍မျိုက၊ အန္တရာယ်များတတ်သည်။


ဆရာပြောသမျှကို အပြီးမမှားလေနှင့်၊ အနာရောဂါကို မကြီပွါးစေနှင့်၊
ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်၊
အနာရောဂါကို ကြီးထွာစေက ဒုက္ခရောက်တတ်သည်။

စကား စကားပြောဖန်များ၊ စကားထဲကဇာတိပြ၍၊မာနတံခွန်ထူတတ်သည်၊
တရား တရား ဟောပါများ၊ တရားထဲက ပါဠိရ၍ ဒါနအလွန်လှူတတ်သည်။

အဟုတ်အမှန်ကိုလည်း သိမှ၊ အလုပ်အကြံလည်း ရှိမှ၊
အဟုတ်အမှန်ကိုသိက၊ သံသရာဘေးပ၍ အနေကြွယ်ဝမည်၊
အလုပ်အကြံရှိက ဆန်ရှာရေးလှ၍၊ အခြေတည်ကြမည်။

မတော်ဘဲကို မဝယ်နှင့်၊ မခေါ်ဘဲကို မလည်နှင့်၊
မတော်ဘဲဝယ်လေက၊ အပြာဓန ရှုံးတတ်သည်၊
မခေါ်ဘဲကိုလည်ချေက၊ မကြာခဏ မုန်းတတ်သည်။